Skip to main content

စာရင္းကိုင္မ်ား သိထားသင့္တဲ့ GAAP ဆိုတာဘာလဲ ဆိုတာကို ဗဟုသုတအျဖစ္ ဖတ္ရေအာင္

Zawgyi

GAAP (Generally Accepted Accounting Principles) ေယဘုယ်အားျဖင့္ လက္ခံက်င့္သံုးၾကေသာ စာရင္းအင္း ဥပေဒသမ်ား ဆိုတာကို - ရွဳတ္ေထြး၊ အေသးစိတ္က်ေသာစာရင္းမ်ားကို ၿခံဳငံုမိေစရန္၊ လုပ္ငန္းအားတရားဝင္ျဖစ္ေစရန္ႏွင့္ လုပ္ငန္းႏွင့္သက္ဆိုင္ေသာစာရင္းမ်ားအားလံုးကို စုစည္းေပါင္းစည္းရန္ တို႔အတြက္သတ္မွတ္ထားေသာ စံသတ္မွတ္ခ်က္မ်ားလို႔ နားလည္ထားႏိုင္ပါတယ္။ ထိုသတ္မွတ္ခ်က္မ်ားကို FASB (Financial Accounting Standards Board) စာရင္းႏွင့္ဘ႑ာေရးဆိုင္ရာစံႏွဳန္းမ်ားအဖြဲ႕ ကေနၿပီးေတာ့ GAAP ကို သူတို႔ရဲ႕ ခြင့္ျပဳခ်က္ရထားၿပီးေသာ ျပည့္စံုသည့္ စာရင္းအင္းဆိုင္ရာနည္းလမ္းႏွင့္ အေလ့အထမ်ား (လုပ္ထံုးလုပ္နည္းမ်ား)ရဲ႕ အေျခခံအုတ္ျမစ္အျဖစ္ အသံုးျပဳပါတယ္။

GAAP မွာ ေအာက္ေဖာ္ျပပါ ယူဆခ်က္/လုပ္ထံုးလုပ္နည္း (၁၀)ခုနဲ႔ ဖြဲ႕စည္းထားပါတယ္။
Regularity(ပံုမွန္ျဖစ္ေစျခင္း)          - စာရင္းကိုင္မ်ားဟာ တည္ရွိေနၿပီးေသာ စည္းမ်ဥ္းဥပေဒမ်ားကို တင္းက်ပ္စြာလိုက္နာရပါမယ္
Consistency(ပံုစံတူျဖစ္ေစျခင္း)      - ဘ႑ာေရးဆိုင္ရာ အစီရင္ခံစာမ်ားေရးဆြဲရန္စာရင္းေရးသြင္းခ်ိန္မွာ ေရွ႕ေနာက္ပံုစံတက် ေရးသြင္းရပါမယ္
Sincerity(သမာသမတ္က်ျခင္း)       - စာရင္းကိုင္မ်ားဟာ စာရင္းေရးသြင္းရာမွာ တိက်ၿပီး သမာသမတ္က်ရပါမယ္
Permanence of Methods(မူေသျဖစ္ေစျခင္း) - ဘ႑ာေရးဆိုင္ရာ အစီရင္ခံစာမ်ားေရးဆြဲရာမွာ အသံုးျပဳေသာနည္းလမ္းဟာ ပံုေသျဖစ္ရပါမယ္
Non-Compensation(ခုႏွိမ္ခြင့္မရွိျခင္း) - လုပ္ငန္းရဲ႕အေျခအေနကို ႐ွဳေထာင့္မ်ိဳးစံုကေနၾကည့္တဲ့အခါမွာ ေကာင္းသည္/ဆိုးသည္ ကို ျပန္လည္ခုႏွိမ္ႏိုင္ေျခရွိသည္ဟု မည္သည့္ေမ်ွာ္လင့္ခ်က္မွမထားပဲ အျပည့္အဝတင္ျပရပါမယ္
Prudence(အတိုင္းအဆရွိျခင္း)       - ဘ႑ာေရးဆိုင္ရာ အခ်က္အလက္မ်ားကိုေရးသြင္းရာတြင္ ထင္ျမင္ယူဆခ်က္မ်ားကသာ လႊမ္းမိုးေနလို႔မရပါဘူး
Continuity(ဆက္လက္တည္ရွိႏိုင္ျခင္း)         - ပိုင္ဆိုင္မွဳမ်ားကို တန္ဖိုးသတ္မွတ္ရာတြင္ လုပ္ငန္းဆက္လက္လည္ပတ္ႏိုင္ေျခရွိသည္ ဟုသာ ယူဆ တြက္ခ်က္ရပါမယ္
Periodicity(ကာလအပိုင္းအျခား)    - လုပ္ငန္း၏စာရင္းမ်ားေရးဆြဲရာတြင္ သတ္မွတ္ထားေသာ ကာလအပိုင္းအျခား ရွိရပါမည္
Materiality(အေရးပါမွဳ)                - ဘ႑ာေရးဆိုင္ရာအစီရင္ခံစာသည္ လုပ္ငန္း၏ ေငြေၾကးႏွင့္သက္ဆိုင္ စပ္လ်ဥ္းေသာ အေျခအေနမ်ားကို ျပည့္စံုစြာေဖာ္ျပႏိုင္ရပါမည္
Utmost Good Faith(တတ္စြမ္းသမွ်ယံုၾကည္ရျခင္း) - အားလံုးဟာ ႐ိုးသားစြာေဆာင္႐ြက္ၾကတယ္လို႔ ယူဆရပါမယ္

အထက္ေဖာ္ျပပါ GAAP တြင္ပါဝင္ေသာအခ်က္မ်ားကို ေဆာင္႐ြက္ျခင္းအားျဖင့္ ဘ႑ာေရးဆိုင္ရာအစီရင္ခံစာမ်ားကို ပြင့္လင္းျမင္သာေစျခင္း၊ ယူဆခ်က္မ်ားကို သတ္မွတ္ခ်က္မ်ားႏွင့္အညီျဖစ္ေစျခင္း စသည္တို႔ကိုျပည့္စံုေစပါတယ္။ ထို႔အတြက္ေၾကာင့္ လုပ္ငန္းအေျခအေနမ်ားကို ေလ့လာဆန္းစစ္ရန္ လြယ္ကူျမန္ဆန္ေစၿပီး ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ ခိုင္လံုေသာအေထာက္အထားမ်ားအေပၚ အေျခခံသည္ ဆံုးျဖတ္ခ်က္မ်ားကို သက္ေတာင့္သက္သာ ခ်မွတ္ႏိုင္ေစမွာျဖစ္ပါတယ္။

စာရင္းကိုင္မ်ားအတြက္ သိရွိထားသင့္ေသာ ဗဟုသုတမ်ားကို ဆက္လက္ေဖာ္ျပေပးသြားပါမယ္။

Unicode


GAAP (Generally Accepted Accounting Principles) ယေဘုယျအားဖြင့် လက်ခံကျင့်သုံးကြသော စာရင်းအင်း ဥပဒေသများ ဆိုတာကို - ရှုတ်ထွေး၊ အသေးစိတ်ကျသောစာရင်းများကို ခြုံငုံမိစေရန်၊ လုပ်ငန်းအားတရားဝင်ဖြစ်စေရန်နှင့် လုပ်ငန်းနှင့်သက်ဆိုင်သောစာရင်းများအားလုံးကို စုစည်းပေါင်းစည်းရန် တို့အတွက်သတ်မှတ်ထားသော စံသတ်မှတ်ချက်များလို့ နားလည်ထားနိုင်ပါတယ်။ ထိုသတ်မှတ်ချက်များကို FASB (Financial Accounting Standards Board) စာရင်းနှင့်ဘဏ္ဍာရေးဆိုင်ရာစံနှုန်းများအဖွဲ့ ကနေပြီးတော့ GAAP ကို သူတို့ရဲ့ ခွင့်ပြုချက်ရထားပြီးသော ပြည့်စုံသည့် စာရင်းအင်းဆိုင်ရာနည်းလမ်းနှင့် အလေ့အထများ (လုပ်ထုံးလုပ်နည်းများ)ရဲ့ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပါတယ်။
GAAP မှာ အောက်ဖော်ပြပါ ယူဆချက်/လုပ်ထုံးလုပ်နည်း (၁၀)ခုနဲ့ ဖွဲ့စည်းထားပါတယ်။
Regularity(ပုံမှန်ဖြစ်စေခြင်း)          - စာရင်းကိုင်များဟာ တည်ရှိနေပြီးသော စည်းမျဉ်းဥပဒေများကို တင်းကျပ်စွာလိုက်နာရပါမယ်
Consistency(ပုံစံတူဖြစ်စေခြင်း)      - ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများရေးဆွဲရန်စာရင်းရေးသွင်းချိန်မှာ ရှေ့နောက်ပုံစံတကျ ရေးသွင်းရပါမယ်
Sincerity(သမာသမတ်ကျခြင်း)       - စာရင်းကိုင်များဟာ စာရင်းရေးသွင်းရာမှာ တိကျပြီး သမာသမတ်ကျရပါမယ်
Permanence of Methods(မူသေဖြစ်စေခြင်း) - ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများရေးဆွဲရာမှာ အသုံးပြုသောနည်းလမ်းဟာ ပုံသေဖြစ်ရပါမယ်
Non-Compensation(ခုနှိမ်ခွင့်မရှိခြင်း) - လုပ်ငန်းရဲ့အခြေအနေကို ရှုထောင့်မျိုးစုံကနေကြည့်တဲ့အခါမှာ ကောင်းသည်/ဆိုးသည် ကို ပြန်လည်ခုနှိမ်နိုင်ခြေရှိသည်ဟု မည်သည့်မျှော်လင့်ချက်မှမထားပဲ အပြည့်အဝတင်ပြရပါမယ်
Prudence(အတိုင်းအဆရှိခြင်း)       - ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကိုရေးသွင်းရာတွင် ထင်မြင်ယူဆချက်များကသာ လွှမ်းမိုးနေလို့မရပါဘူး
Continuity(ဆက်လက်တည်ရှိနိုင်ခြင်း)         - ပိုင်ဆိုင်မှုများကို တန်ဖိုးသတ်မှတ်ရာတွင် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ခြေရှိသည် ဟုသာ ယူဆ တွက်ချက်ရပါမယ်
Periodicity(ကာလအပိုင်းအခြား)    - လုပ်ငန်း၏စာရင်းများရေးဆွဲရာတွင် သတ်မှတ်ထားသော ကာလအပိုင်းအခြား ရှိရပါမည်
Materiality(အရေးပါမှု)                - ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာသည် လုပ်ငန်း၏ ငွေကြေးနှင့်သက်ဆိုင် စပ်လျဉ်းသော အခြေအနေများကို ပြည့်စုံစွာဖော်ပြနိုင်ရပါမည်
Utmost Good Faith(တတ်စွမ်းသမျှယုံကြည်ရခြင်း) - အားလုံးဟာ ရိုးသားစွာဆောင်ရွက်ကြတယ်လို့ ယူဆရပါမယ်

အထက်ဖော်ပြပါ GAAP တွင်ပါဝင်သောအချက်များကို ဆောင်ရွက်ခြင်းအားဖြင့် ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာများကို ပွင့်လင်းမြင်သာစေခြင်း၊ ယူဆချက်များကို သတ်မှတ်ချက်များနှင့်အညီဖြစ်စေခြင်း စသည်တို့ကိုပြည့်စုံစေပါတယ်။ ထို့အတွက်ကြောင့် လုပ်ငန်းအခြေအနေများကို လေ့လာဆန်းစစ်ရန် လွယ်ကူမြန်ဆန်စေပြီး ရင်းနှီးမြှုပ်နှံသူများအတွက် ခိုင်လုံသောအထောက်အထားများအပေါ် အခြေခံသည် ဆုံးဖြတ်ချက်များကို သက်တောင့်သက်သာ ချမှတ်နိုင်စေမှာဖြစ်ပါတယ်။
စာရင်းကိုင်များအတွက် သိရှိထားသင့်သော ဗဟုသုတများကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

Comments